Glossary of Terms: English-Burmese (မြန်မာ)

The following glossary terms and definitions were adapted from the Consumer Financial Protection Bureau and translated from English by Thaw Lin Aye.

APR (Annual Percentage Rate)

တစ်နှစ်စာ အတိုးနှုန်း

မိမိ ချေးငွေ၏ အတိုးနှုန်းကို ရာခိုင်နှုန်းအဖြစ်ဖော်ပြသည်။ ချေးငွေအတိုးနှုန်း နှင့် ဘဏ်တွင်ငွေစုဆောင်းထား၍ ရရှိသော ဘဏ်တိုးသည် တူညီမှုရှိပါသည်။

Asset

ပိုင်ဆိုင်မှု

ငွေသား၊ ကား၊ စတော့၊ ငွေချေးစာချုပ်၊ သို့မဟုတ် အိမ်ခြံမြေကဲ့သို့သော အဖိုးတန်သော ပိုင်ဆိုင်မှု။

Bonds

ချေးငွေစာချုပ်လက်မှတ်

အကြွေးအမျိုးအစားတစ်မျိုး။ ချေးငွေစာချုပ်လက်မှတ် ဝယ်ယူခြင်းဆိုသည်မှာ မိမိ အနေဖြင့် အစိုးရ၊ကော်ပိုရေးရှင်း တစ်ခုအား ငွေချေးခြင်းဖြစ်သည်။ ၄င်းအဖွဲ့အစည်းအနေဖြင့် ချေးငွေစာချုပ်သက်တမ်းအတွင်း မိမိအား သတ်မှတ်ထားသော အတိုးနှုန်းတစ်ခုပေးမည် ဖြစ်ပြီး စာချုပ်သက်တမ်းပြည့်သွားသည့်အခါ ချေးငွေကိုပါ ပြန်လည်ပေးအပ်မည်ဖြစ်သည်။

Capital gain

မတည်ငွေရင်း၏ အမြတ်

မိမိ၏ ပိုင်ဆိုင်မှုကို ပြန်လည်ရောင်းချရာမှ ရရှိလာသော အမြတ်။ ဥပမာ- သင်သည် ကုမ္ပဏီ တစ်ခု၏ စတော့ကို $၂,၀၀၀ နှင့်ဝယ်လိုက်ပြီး ၂ နှစ် ကြာသောအခါ ၎င်း စတော့ကို $ ၃,၅၀၀ ဖြင့် ပြန်ရောင်းလိုက်သည်။ ထိုအခါ သင်၏ အမြတ်သည် $၁,၅၀၀ ဖြစ်သည်။

Capital loss

မတည်ငွေရင်း၏ အရှုံး

မိမိ၏ ပိုင်ဆိုင်မှုကို ပြန်လည်ရောင်းချရာမှ ဆုံးရှုံးသွားသော အရှုံး။ ဥပမာ- သင်သည် ကုမ္ပဏီ တစ်ခု၏ စတော့ကို $၃,၀၀၀ နှင့်ဝယ်လိုက်ပြီး နှစ်ပတ် ကြာသောအခါ ၎င်း စတော့ကို $ ၂,၅၀၀ ဖြင့် ပြန်ရောင်းလိုက်သည်။ ထိုအခါ သင်သည် $၅၀၀ ဆုံးရှုံးသွားသည်။

Certificate of deposit (CD)

အပ်ငွေလက်မှတ်

ဘဏ် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုတွင် ပုံသေ အတိုးနှုန်းဖြင့် သတ်မှတ်ထားသော ကာလတစ်ခုအတွင်း ငွေအပ်နှံခြင်း။

Collateral

အာမခံပစ္စည်း

သင်ချေးထားသော ငွေကို ပြန်မဆပ်နိုင်ပါက သိမ်းဆည်းခံရနိုင်သော သင်၏ ပိုင်ဆိုင်မှု ပစ္စည်းတစ်ခု။ ဥပမာ- သင်သည် အိမ်ပေါင်၍ ချေးငွေရယူပြီး ၎င်းချေးငွေကို သတ်မှတ်ထားသော အချိန်အတွင်း ပြန်မဆပ်နိုင်ပါက သင်၏အိမ်သည် သိမ်းဆည်းခံရနိုင်သည်။

Compound interest

ဆပွါးအတိုး

အတိုးပေါ်အတိုး ဆင့်ပွါးခြင်း (သို့မဟုတ်) အတိုးနှင့်အရင်းကို စုပေါင်း၍ အတိုးတွက်ခြင်း။ ဥပမာ။ သင်သည် တစ်နှစ် ဆပွါးအတိုး ၅% ပေးသည့် ဘဏ်တွင် $၁,၀၀၀ ထည့်ပါက တစ်နှစ်ကြာသောအခါ သင်သည် အတိုးအနေဖြင့် $၅၀ ရမည်ဖြစ်ပြီး စုစုပေါင်းငွေ အနေဖြင့် $၁၀၅၀ ရှိမည်ဖြစ်သည်။ နောင်နှစ်တွင် သင်၏ ဆပွါးအတိုးသည် $၁၀၅၀ ပေါ်မူတည်၍ တွက်မည်ဖြစ်သည်။ ထို့ကြောင့်သင်သည် အတိုးအနေဖြင့် $၅၂.၅၀ ကိုရမည်ဖြစ်သည်။ ထိုအခါ ဘဏ်ထဲရှိ သင့်လက်ကျန်ငွေမှာ $၁၀၅၀+$၅၂.၅၀= $၁၁၀၂.၅၀ ဖြစ်သည်။

Consumer Price Index (CPI)

စားသုံးသူ အညွှန်းကိန်း

စားသုံးသူများ၏ လူသုံးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအပေါ် ငွေသုံးစွဲမှု ပျှမ်းမျှပြောင်းလဲခြင်းကို အချိန်ကာလအလိုက် တိုင်းတာသော အညွှန်းကိန်းတစ်ခု။ ဥပမာ။ တစ်နှစ်အတွင်း စားသောက်ကုန်ပစ္စည်းများအတွက် ကုန်ကျစရိတ်သည် $100 ဖြစ်ပြီး နောက်နှစ်တွင် ၎င်းစားသောက်ကုန်ပစ္စည်းများအတွက် ကုန်ကျစရိတ်သည် $120 ဖြစ်ပါက စားသောက်ကုန် အညွှန်းကိန်းသည် 20% တက်လာသည်ဟုဆိုနိုင်သည်။ အမေရိကန် နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားတွင် စားသုံးသူအညွှန်းကိန်းကို တွက်ချက်လေ့ရှိသည်။

Copayment (or copay)

တွဲဖက်ငွေပေးချေခြင်း

အာမခံလုပ်ငန်း စသည်တို့တွင် အသုံးများသည်။ (ဥပမာ။ ဆေးခန်း၊ဆေးရုံပြသည့်အခါ ကျန်းမာရေးအာမခံမှ သတ်မှတ်ထားသည့် ငွေပမာဏထက်ကျော်လွန်သွားလျှင် မိမိကိုယ်ပိုင်ငွေ ပေးရခြင်း။)

Cosigner

ပူးတွဲလက်မှတ်ထိုးသူ

ချေးငွေ၊ အကြွေးဝယ်ကတ်၊ ကတိပေးစာ များတွင် ကာယကံရှင်နှင့်အတူ လက်မှတ်ထိုးရသူ။ အကယ်၍ ကာယကံရှင် အနေဖြင့် အကြွေးပြဿနာများပေါ်ပေါက်လာပါက ၎င်းအသိသက်သေသည် တာဝန်ယူရမည်ဖြစ်သည်။

Credit

အကြွေးဝယ်ကတ်

ငွေချေးခြင်း (သို့မဟုတ်) တစ်ခုခုဝယ်ရန် ငွေချေးပိုင်ခွင့်။ အကြွေးဝယ်ကတ် သုံးနေသည်ဆိုသည်မှာ ကြိုတင်ချေးငွေကို သုံးနေခြင်းပင်ဖြစ်သည်။

Credit limit

အကြွေးဝယ်ကတ် ကန့်သတ်ချက်

အကြွေးဝယ်ကတ်တွင် မိမိ၏သုံးစွဲမှုကို သတ်မှတ်ထားသော ကန့်သတ်ချက်။ ကန့်သတ်ချက်ပြည့်သည် အထိ ဝယ်ယူသုံးစွဲမှုများကို ပြုလုပ်နိုင်သည်။ ကန့်သတ်ချက်ထက် ကျော်လွန်ပြီး အသုံးပြုပါက သင်၏ အကြွေးဝယ်ကတ် ရမှတ်ကို ထိခိုက်စေနိုင်သည်။

Credit Report

အကြွေးဝယ်ကတ် မှတ်တမ်း

သင်၏ အကြွေးဝယ်ကတ်အားလုံး၏ လက်ရှိ သုံးစွဲမှုနှင်ချေးငွေရယူထားမှု မှတ်တမ်း။ ငွေချေးသူများသည် သင့်အား ငွေ ချေး၊မချေး အပြင် ငွေချေးပါကလည်း မည်မျှအတိုးနှုန်းပေးမည်ကို ဤမှတ်တမ်းကိုကြည့်၍ ဆုံးဖြတ်သည်။ အခြားသော စီးပွါးရေးလုပ်ငန်းများအနေဖြင့်လည်း သင့်အား အာမခံ ပေးရန်၊ အိမ်ငှါးရန် (သို့မဟုတ်) အင်တာနက်၊ တီဗီ၊ မိုဘိုင်းဖုန်း ဝန်ဆောင်မှုများပေးရန် ဤ အကြွေးဝယ်ကတ်မှတ်တမ်းကိုပင် ကြည့်၍ ဆုံးဖြတ်လေ့ရှိကြသည်။ ထို့ပြင် အလုပ်ရှင်များသည်လည်း ဤမှတ်တမ်းအပေါ်မူတည်၍ သင့်အား အလုပ် ခန့်၊မခန့် ဆုံးဖြတ်ကြသည်။ ခရက်ဒစ်အစီရင်ခံစာများကို အဓိက ခရက်ဒစ်အစီရင်ခံသည့် အေဂျင်စီ သို့မဟုတ် ခရက်ဒစ်ဗျူရိုသုံးခုဖြစ်သည့် Equifax၊ Experian နှင့် TransUnion တို့က ပြုစုထားသည်။ သင့်ခရက်ဒစ်အစီရင်ခံစာ၏ အခမဲ့မိတ္တူတစ်စောင်ကို အကြွေးအစီရင်ခံသည့် အေဂျင်စီ တစ်ခုမှ တစ်နှစ်တစ်ကြိမ် တောင်းဆိုနိုင်သည်။

Credit score

အကြွေးဝယ်ကတ် ရမှတ်

သင်၏ အကြွေးဝယ်ကတ်မှတ်တမ်း အပေါ်မူတည်၍ ပြုလုပ်ထားသော အမှတ်ပေး ပုံစံတစ်ခု။ ဘဏ်များသည် ဤမှတ်တမ်းများမှ သင်၏ အသုံးစရိတ်နှင့် ငွေပေးချေမှု မှတ်တမ်းများကိုကြည့်၍ သင့်အား ငွေချေးရန် ဆုံးဖြတ်လေ့ရှိသည်။

Credit union

ခရတ်ဒစ် သမဂ္ဂ

နိုင်ငံတော် (သို့မဟုတ်) ပြည်နယ်အစိုးရမှ တည်ထောင်ထားသော သမဝါယမ ငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်း၏ အဖွဲ့ဝင် တစ်ဦးချင်းစီက ပိုင်ဆိုင်သည်။

Cryptocurrency

ခရစ်ပ်တို ငွေကြေး

(ဒစ်ဂျစ်တယ် ငွေကြေး) ခရစ်ပ်တို ဟုလည်းခေါ်သည်။ ၎င်းသည် ယေဘူယျအားဖြင့် ကုဒ်ဝှက်ထားသော ဒစ်ဂျစ်တယ် ငွေကြေးဖြစ်သည်။ (ကုဒ်ဝှက်ခြင်းဆိုသည်မှာ တစ်စုံတစ်ခုအား ခွင့်ပြုချက်မရဘဲ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးသည့် စနစ်ကို ဆိုလိုသည်။) Physical token တစ်ခုအတွက် ခရစ်ပ်တိုကို ငွေသားထုတ်ခွင့်ပြုသည့် ဝန်ဆောင်မှု အသုံးမပြုပါက အမှန်တကယ် ပိုတ်ဆံ (သို့မဟုတ်) အကြွေစေ့ ရှိမည်မဟုတ်ပါ။ ခရစ်ပ်တိုငွေကြေးကို ဘဏ်မလိုအပ်ဘဲ အွန်လိုင်းပေါ်တွင် ဖုန်း၊ ကွန်ပျူတာ များဖြင့်အလွယ်တကူ လဲလှယ်နိုင်ပါသည််။ ခရစ်ပ်တိုငွေကြေး အကောင့်များကို အစိုးရမှ ကျောထောက်နောက်ခံမပြုပါ။ ထို့ပြင် ခရစ်ပ်တို တန်ဖိုးများသည် အချိန်နှင့်အမျှ ပြောင်းလဲနေသည်။

Data breach

ဒေတာ ချိုးဖောက်မှု

အဖွဲ့အစည်းတစ်ခု၏ သတင်းအချက်အလက်များကို တရားဝင် ခွင့်ပြုချက်မရှိဘဲ အခြားသော ပြင်ပအဖွဲ့အစည်းများထံသို့ ထုတ်ဖော်ခြင်း။ အထောက်အထားခိုးယူမှုဟုလည်း သတ်မှတ်နိုင်သည်။

Debit card

ငွေထုတ်ကတ်

ကုန်စုံဆိုင်၊ ဓာတ်ဆီဆိုင် ကဲ့သို့သော လုပ်ငန်များတွင် ဝယ်ယူမှုပြုလုပ်ရန် သင့်ဘဏ်ထဲရှိ ငွေနှင့် ချိတ်ဆက်၍ အသုံးပြုရသောကတ်။

Debt consolidation

ကြွေးမြီးများ စုစည်းခြင်း

ကြွေးမြီးစုစည်းခြင်းဆိုသည်မှာ သင်၏အကြွေးဝယ်ကတ်ဘေလ်များ၊ ချေးငွေများကို ပေါင်းစည်းကာ လစဉ်ပေးဆောင်ရသော ချေးငွေ အသစ်တစ်ခု အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ သင့်တွင် ပေးဆောင်ရမည့် ချေးငွေ များစွာရှိပါက ဤကြွေးမြီးစုဆောင်းခြင်း နည်းလမ်းသည် သင်၏ အကြွေးများကို လျှော့ချပေးနိုင်သည်၊ သို့သော် သင်၏ အကြွေးအားလုံးကို လျှော့ချပေးမည်မဟုတ်ပါ။ အခြားတစ်ဖက်တွင်လည်း ကြွေးမြီးစုဆောင်းခြင်းနည်းသည် သင်၏အကြွေးများကို ပိုမို များပြားစေနိုင်သည်။

Deductible

နှုတ်ယူငွေ

အာမခံကုမ္ပဏီသည် အကျုံးဝင်သည့်ပစ္စည်းများ၏ တန်ဖိုးကို မပေးချေသေးသည့် အချိန်ကာလတွင် အာမခံထားသူသည် ကုန်ကျစရိတ်ပမာဏကို ပေးဆောင်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် သင်၏ နုတ်ယူငွေသည် သင့်အာမခံအစီအစဉ်ကို မစတင်မီ အကျုံးဝင်သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများအတွက် သင်ပေးချေသည့် ပမာဏဖြစ်သည်။

Direct deposit

တိုက်ရိုက် ငွေထည့်ခြင်း

အလုပ်ရှင်မှ အပတ်စဉ်လစာကို သင်၏ ဘဏ်အကောင့်ထဲသို့ အွန်လိုင်းမှတဆင့် တိုက်ငွေရိုက်ငွေထည့်ခြင်း။ ဤနည်းသည် ချက်လက်မှတ် ရယူခြင်းထက် ပိုမြန်သည်။

Dividend

အမြတ်ဝေစု

ကုမ္ပဏီတစ်ခု၏ အမြတ်ငွေ တစ်စိတ်တစ်ပိုင်းကို အစုရှယ်ယာရှင်များထံ ပေးဆောင်သည်။

Down payment

ကနဦး ငွေပေးချေမှု

အိမ် (သို့မဟုတ်) ကားကို အကြွေးဝယ်ကတ်ဖြင့် ဝယ်သည့်အခါ စရံ ငွေပေးချေမှု ပြုလုပ်ရသည်။ ဤပေးချေမှုသည် ချေးထားသော ငွေပမာဏကို လျှော့ချပေးသည်။ စရံငွေပေးချေမှု များပါက အတိုးနှုန်း နည်းမည်ဖြစ်သည်။

FAFSA – Free Application for Federal Student Aid

ဖက်ဒရယ် ကျောင်းသား ထောက်ပံံ့ငွေအတွက် အခမဲ့ လျှောက်လွှာ (FAFSA)

ဖက်ဒရယ် ကျောင်းသားထောက်ပံ့ငွေ လျှောက်လွှာကို ကျောင်းသားတစ်ဦးနှင့် ၎င်း၏မိသားစုသည် အစိုးဆီမှ မည်မျှထောက်ပံ့ငွေရနိုင်သည်ကို ဆုံးဖြတ်ရာ၌ အသုံးပြုသည်။ ထို့ပြင် ဤလျှောက်လွှာကို ပြည်နယ်၊ ကျောင်း နှင့် ပုဂ္ဂလိက အခြေပြု ထောက်ပံ့ငွေများအတွက် လျှောက်ထားရာတွင်လည်း အသုံးပြုသည်။ FAFSA ဖောင်ကို စာသင်နှစ်တိုင်း အသစ် တင်ရမည် ဖြစ်သည်။

Fixed expenses

ပုံသေ ကုန်ကျစရိတ်

အိမ်ငှါးခ၊ အင်တာနက်ဘေလ် စသည်ဖြင့် လစဉ်ပေးဆောင်ရသော ပုံသေကုန်ကျစရိတ်များကို ဆိုလိုသည်။ သို့ရာတွင် ရေဖိုး၊မီးဖိုး စသည့် လစဉ်ကုန်ကျစရိတ်များသည် မိမိသုံးစွဲမှုအပေါ် လိုက်၍ပြောင်းလဲနိုင်သည်။

Form W-2: Wage and Tax Statement W-2

ဖောင်

အမေရိကန် အလုပ်သမားများသည် နှစ်စဉ် ဝင်ငွေခွန် ပြန်လည်တင်ပြရန် လိုအပ်သည်။ W-2 ဖောင်တွင် အလုပ်သမား၏ အလုပ်အကိုင်ဝင်ငွေ၊ လူမှုရေးအာမခံနှင့် လုပ်ငန်းအာမခံတို့ ပါဝင်ပြီး မည်မျှ အခွန်ဆောင်ရမည်ကို သတ်မှတ်ပေးသည်။

Form W-4: Employee’s Withholding Allowance Certificate W-4

ဖောင်

အမေရိကန်ပြည်ထောင်စုတွင် အလုပ်လုပ်နေသောသူ တစ်ဦး၏ ပြည်ထောင်စုဝင်ငွေခွန်တင်သွင်းရန် ဖောင်။ W-4 ဖောင်သည် မိမိနှင့် မိမိ မိသားစု၏ အချက်အလက်များ၊ လုပ်ငန်းမှတ်တမ်းများအကြောင်းကို မှတ်တမ်းတင်ခြင်းဖြင့် ပြည်ထောင်စု ဝင်ငွေခွန်ကို မှန်ကန်စွာ တင်သွင်းရန် ကူညီပေးသည်။

Grace period

Grace Period

ငွေကြေးကောက်ခံမှုမစတင်မီ မိမိဘေလ်ကို အပြည့်ပေးချေရမည့် ရက်ကာလ။ ဤကာလမရှိပါက သင့်ကတ်ကိုစအသုံးပြုသည့်နေ့ သို့မဟုတ် ဝယ်ယူမှုအား မိမိအကောင့်တွင် တင်သည့်အခါမှ အတိုးပေးချေရပါမည်။

Gross income

အကြမ်းဖျဉ်း ဝင်ငွေ

အခွန်မဆောင်မီနှင့် အခြားသောနှုတ်ယူမှုများ မပြုလုပ်ရသေးသော စုစုပေါင်း ဝင်ငွေ။

Identity theft

အထောက်အထား ခိုးယူမှု

မိမိ ခွင့်ပြုချက်မရှိဘဲ မိမိ၏ အမည်၊ Social Security နံပါတ်၊ အကြွေးဝယ်ကတ် နံပါတ် စသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးပြုခြင်း။

Inflation

ငွေကြေးဖောင်းပွမှု

ကုန်စည်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ အချိန်နှင့်အမျှ ဈေးနှုန်းများ မြင့်တက်လာသောအခါ ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လာသည်။

Interest

အတိုး 

မိမိကို ငွေချေးသူအား ပေးဆောင်ရသော ငွေချေးခ။ ဘဏ် (သို့မဟုတ်) ခရက်ဒစ် သမဂ္ဂ များတွင် အချို့သော အကောင့်အမျိုးအစားများဖြင့် ငွေအပ်နှံပါက မိမိအား အတိုးပေးမည် ဖြစ်သည်။

Interest rate

အတိုးနှုန်း

မိမိကို ငွေချေးသူအား ငွေချေးခ အဖြစ်ပေးဆောင်ရသော ချေးငွေ၏ ရာခိုင်နှုန်းတစ်ခု။ ဘဏ် (သို့မဟုတ်) ခရက်ဒစ် သမဂ္ဂများတွင် အချို့သော အကောင့်အမျိုးအစားများဖြင့် ငွေအပ်နှံပါက မိမိအား အတိုးနှုန်းတစ်ခု ပေးမည်ဖြစ်သည်။

Investment

ရင်းနှီးမြှပ်နှံမှု

အနာဂတ်တွင် ရရှိလာမည့် အကျိုးအမြတ် (ငွေ) ကို မျှော်မှန်းကာ ရင်းနှီးထားသော ငွေ။

Money order

ငွေရှင်းလွှာ

ချက်လက်မှတ်အစား ငွေရှင်းလွှာကို အသုံးပြုနိုင်သည်။ ငွေရှင်းလွှာကို ဝယ်ယူ၍ စီးပွါးရေးလုပ်ငန်း၊ အဖွဲ့အစည်းတစ်ခု (သို့မဟုတ်) အိမ်ပိုင်ရှင်အား ငွေပေးချေမှု ပြုလုပ်နိုင်သည်။

Mortgage

အိမ်ချေးငွေ

အိမ်ဝယ်ယူရန် ငွေချေးယူခြင်း (သို့မဟုတ်) မိမိ ပိုင်ဆိုင်ပြီးသား အိမ်၏ တန်ဖိုးနှင့်ညီမျှသော ငွေကိုချေးယူခြင်း။

Mutual fund

အပြန်အလှန် ရန်ပုံငွေ

ရင်းနှီးမြှုပ်နှံသူများထံမှ ငွေစုဆောင်းပြီး စတော့ရှယ်ယာများ၊ ငွေချေးစာချုပ်များနှင့် ကာလတိုချေးငွေများကဲ့သို့သော ငွေချေးစာချုပ်များတွင် ငွေရင်းနှီးမြှုပ်နှံခြင်း။ရင်းနှီးမြှုပ်နှံသူများသည် အစုရှယ်ယာများကို အပြန်အလှန်ရန်ပုံငွေဖြင့် ဝယ်ယူကြသည်။ အစုရှယ်ယာတစ်ခုစီသည် ရန်ပုံငွေရှိ ရင်းနှီးမြှုပ်နှံသူတစ်ဦး၏ အစိတ်အပိုင်းပိုင်ဆိုင်မှုနှင့် ၎င်းရရှိသည့်ဝင်ငွေကို ကိုယ်စားပြုသည်။

Net income

အသားတင် ဝင်ငွေ

အခွန်နှင့် အခြားသော နှုတ်ယူမှုများ ပြုလုပ်ပြီးနောက် ကျန်ရှိသော မိမိ၏ လုပ်ခလစာငွေ ပမာဏ။ အိမ်ပြန်ယူဆောင်ရသောငွေ (Take-home pay) ဟုလည်းခေါ်သည်။

Overdraft

ငွေပိုထုတ်ခြင်း

ငွေပိုထုတ်ခြင်းဆိုသည်မှာ မိမိ ဘဏ်ထဲတွင်ရှိသော ငွေထက်များသော ပမာဏကို အခြားသူအားလွှဲခြင်းဖြစ်သည်။ သို့သော် ဘဏ်များသည် ၎င်းငွေလွှဲခြင်းများကို ခွင့်ပြုပေးပါသည်။ အချို့သော ဘဏ်များတွင် ငွေပိုထုတ်ခြင်းအတွက် အခကြေးငွေ ပေးရပါသည်။

Phishing scam

အင်တာနက်ပေါ်၌ လိမ်လည်ခြင်း

တစ်စုံတစ်ဦးမှ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုရရှိရန် အီးမေးလ်၊ SMS မက်ဆေ့ချ် များမှ စီးပွါးရေး (သို့မဟုတ်) အစိုးရ အေဂျင်စီ ကဲ့သို့ အယောင်ဆောင်ကာ လိမ်လည် ဖြားယောင်းခြင်း။ ဤသည်ကို “ကိုယ်ရေးကိုယ်တာ အချက်အလက် ခိုးယူခြင်း” ဟုလည်း ခေါ်ဆိုနိုင်သည်။

Principal

ငွေရင်း

ငွေချေးသည့်အခါ ငွေချေးသူထံမှရရှိသော မူလပမာဏဖြစ်ပြီး အတိုးဖြင့် ပြန်ဆပ်မည်ဟု သဘောတူထားသော ငွေ။ (သို့မဟုတ်) ဝင်ငွေရရှိရန် မျှော်လင့်ချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုတွင် ထည့်ဝင်ထားသော အရင်း။

Rate of return

အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်မှုအပေါ် ပြန်ရနှုန်း

ရင်းနှီးမြှုပ်နှံမှုတစ်ခု၏ အမြတ် (သို့မဟုတ်) အရှုံးကို ရာခိုင်နှုန်း အဖြစ်ဖော်ပြသည်။ ဥပမာ။ သင်သည် စတော့တစ်ခုကို $1,000 ဖြင့်ဝယ်ယူပြီး တစ်နှစ်အကြာတွင် $1,200 ဖြင့်ပြန်ရောင်းပါက အမြတ်ပြန်လည်ရရှိနှုန်းမှာ 20% ဖြစ်သည်။

Redlining

မျဉ်းနီ ဧရိယာ

လူမျိုး၊ အသားအရောင်၊ နိုင်ငံဇာတိ (သို့မဟုတ်) အခြားသော အကြောင်းများကြောင့် ချေးငွေနှင့် အကြေးဝန်ဆောင်မှု များကို အများတန်းတူ ရယူပိုင်ခွင့်မရှိသော သူများ နေထိုင်ရာ ဧရိယာ။

Secured credit card

စရံငွေလိုအပ်သောအကြွေးဝယ်ကတ်

စရံငွေလိုအပ်သော အကြွေးဝယ်ကတ်။ စရံငွေများပါက မိမိ အကြွေးဝယ်ကတ်၏ ကန့်သတ်ချက်လည်း မြင့်လေဖြစ်သည်။ စရံငွေလိုအပ်သော အကြွေးဝယ်ကတ်များကို ခရက်ဒစ် မှတ်တမ်းတည်ဆောက်ရန် အသုံးပြုလေ့ရှိသည်။ သာမန် အကြွေးဝယ်ကတ် ကဲ့သို့ပင် အသုံးပြုနိုင်ပြီး ကွဲပြားချက်မှာ စရံငွေ ထည့်ရခြင်းပင်ဖြစ်သည်။

Stock

စတော့

လူမျိုး၊ အသားအရောင်၊ နိုင်ငံဇာတိ (သို့မဟုတ်) အခြားသော အကြောင်းများကြောင့် ချေးငွေနှင့် အကြေးဝန်ဆောင်မှု များကို အများတန်းတူ ရယူပိုင်ခွင့်မရှိသော သူများ နေထိုင်ရာ ဧရိယာ။

Tax credit

အခွန် ခရက်ဒစ်

အခွန် ခရက်ဒစ်များသည် မိမိပေးဆောင်ရမည့် အခွန်ငွေ ပမာဏကို လျော့ကျစေနိုင်သည် (သို့မဟုတ်) မိမိအနေဖြင့် အခွန်ပြန်အမ်းငွေ ပိုရနိုင်သည်။ အချို့သော အခွန် ခရက်ဒစ်များသည် မိမိ အခွန်မဆောင်ရသော်လည်း ပြန်အမ်းငွေကို ရရှိစေနိုင်သည်။ ဥပမာ။ ။ ဝင်ငွေခွန်ခရက်ဒစ် နှင့် ကလေးသူငယ်စောင့်ရှောက်မှု ခရက်ဒစ်။

Tax deduction

အခွန်နှုတ်ခြင်း

မိမိဝင်ငွေခွန်ထဲမှ နှုတ်ယူနိုင်သော ကိုယ်ရေးကိုယ်တာ (သို့မဟုတ်) လုပ်ငန်း အသုံးစရိတ်။ ဤသို့ဖြင့် မိမိ ဝင်ငွေခွန်ကို လျော့ကျစေသည်။

Unsecured loan

အာမခံပစ္စည်း မလိုသောချေးငွေ

အပေါင်ပစ္စည်း မလိုသော ( အကြွေးဝယ်ကတ် ကဲ့သို့သော) ချေးငွေ။ ငွေချေးသူများသည် ဤကဲ့သို့သော ချေးငွေအမျိုးအစားများမှာ အပေါင်ပစ္စည်းလိုသော ချေးငွေများထက် ပိုမို အန္တရာယ်ရှိသည်ဟု ယူဆသောကြောင့် အတိုးနှုန်းကို ပိုမိုကောက်ခံလေ့ရှိသည်။ ချေးငွေကို သဘောတူထားသည့်အတိုင်း ပြန်မဆပ်နိုင်ပါက ငွေချေးသူသည် မိမိ၏ အကြွေးမှတ်တမ်းတွင် အပျက်သဘောဆောင်သည့် အချက်အလက်များကို တင်သွင်းနိုင်ပြီး တရားပါ စွဲနိုင်သည်။

Withholding (“pay-as-you-earn” taxes)

မိမိ လုပ်ခလစာထဲမှ နှုတ်ယူထားသော အခွန်များ

အလုပ်ရှင်များသည် အလုပ်သမားများ၏ လုပ်ခလစာများမှ နှုတ်ယူထားသော ငွေများ။ ဤငွေကို အစိုးရဆီပေးပြီး ဝန်ထမ်းများ၏ ဝင်ငွေခွန်ကို လျှော့ချပေးသည်။ အလုပ်ရှင်များသည် နိုင်ငံတော် ဝင်ငွေခွန်၊ လူမှုဖူလုံရေး အခွန်၊ ကျန်းမာရေး အခွန် နှင့် အချို့သော ပြည်နယ်များတွင် ဒေသဆိုင်ရာ ဝင်ငွေခွန်များအတွက် မိမိလစာထဲမှ နှုတ်ယူထားလေ့ရှိသည်။

License

Share This Book